Philip copy 1

မောင်သစ်က သူ့ဖခင်ရဲ့ တီထွင်မှုအသစ်ကို နှစ်သက်သဘောကျတယ်။ မောင်သစ်ကသူငယ်ချင်းတွေသဘောကျဖို့နဲ့ ပိုက်ဆံတွေအများကြီးရဖို့ အဲဒီစက်ကို သူလိုချင်နေတယ်။ စူပါစာအုပ်က ကလေးတွေကို ရုမာရိမြို့ကို ခေါ်သွားပါတယ်။ အဲဒီမှာ သူတို့က ဖိလိပ္ပု၊ ပေတရု နဲ့ ယောဟန်တို့က မှော်ဆရာနဲ့ သူ့ရဲ့နောက်လိုက်တွေကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စစ်မှန်တဲ့ တန်ခိုးအကြောင်းသင်ပေးနေတာကို ကြည့်နေကြပါတယ်။ နောက်ပိုင်းမှာ ဖိလိပ္ပုကို သဲကန္တာရမှာသွားတွေ့ပြီး အဲသိယောပိ အမတ်ရဲ့ ဗတ္တိဇံ နဲ့ပတ်သက်ပြီး သက်သေခံကြတယ်။ အိမ်ပြန်ရောက်လာပြီးနောက် မောင်သစ်ပြောင်းလဲသွားခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးကြောင့် ကြောက်ရွံ့ရိုသေစိတ်ပေါ်လာခဲ့ပြီး နှစ်ခြင်းခံယူဖို့ သူစတင်ခဲ့တယ်။

သင်ခန်းစာ (၁) မျှဝေရန် စွမ်းအား

‌‌‌အဓိကအချက် သန့်ရှင်းသောဝိညာဉတော်က ကျွန်ုပ်ကို ဧဝံဂေလိဝေမျှရန် တန်ခိုးကိုပေးပါသည်။

‌ရွှေကျမ်းချက် တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကိုခံရသည်နှင့်အညီ ထိုတရားကိုဟောပြောသော ဆရာအဖြစ်သို့ ငါ‌‌ရောက်ရပြီ။ ဧဖက် ၃:၇ (JBMLE)

သင်ခန်းစာ (၂) အရာရာအားလုံးအထက်

‌‌‌အဓိကအချက် အရာရာအားလုံးအထက် ဘုရားသခင်ကို အကျွန်ုပ်ရှာမည်။

‌ရွှေကျမ်းချက် ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ‌ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။ မဿဲ ၆း၃၃ (JBMLE)

သင်ခန်းစာ (၃) အံ့ဖွယ်အမှုများ၏ သခင်ဘုရား

‌‌‌အဓိကအချက် အံ့ဖွယ်အမှုများ၏သခင်ဘုရားကို အစေခံသူများ

‌ရွှေကျမ်းချက် တပည့်တော်တို့သည်လည်း ထွက်သွား၍ သခင်ဘုရားသည် မစတော်မူသည်နှင့်လည်း၎င်း၊ ခပ်သိမ်းသောအရာတို့၌ တရားဟောကြ၏။ မာကု ၁၆:၂၀ (JBMLE)

Paul and Barnabas copy 1

စူပါစာအုပ် က ကလေးတွေကို ပေါလုနှင့်ဗာနဗ တို့ ရဲ့ ယေရှု၏သတင်းစကားကို ဖြန့်ဝေဖို့ ဧဝံဂေလိခရီး တစ်လျှောက်လုံး မှာပါဝင်နိုင်အောင်ခေါ်သွားပေးတယ်။ ကလေးတွေက ဆိုးညစ်တဲ့ နတ်ဝိဇ္ဇာအတတ်သမားကို မျက်စိကွယ်စေတဲ့ ပေါလုပြုတဲ့ အံ့ဩဖွယ် အမှု နဲ့ ရောမ မြို့ဝန် ခရစ်တော် ကိုယုံကြည်လက်ခံလာခြင်း တွေအတွက် သက်သေဖြစ်ကြမှာပါ။ သူ့အလုပ်တွေကို စွန့်လွှတ်ပြီး ယေရုရှလင်မြို့ကို ပြန်လာတဲ့ တပည့်တော် ယောဟန်မာကုအတွက်ဒီအလုပ်က အရမ်းခက်ခဲလွန်းတယ်။ ပေါလုနှင့်ဗာနဗတို့ဟာ သဘောထားကွဲလွဲမှုကြောင့်လမ်းခွဲခြင်း၊ ပေါလုကျောက်ခဲနှင့်ပစ်ခံရခြင်းအပါအဝင် ဒုက္ခအမျိုးမျိုးကို ဆန့်ကျင်ပြီး ဧဝံဂေလိတရားကို ဆက်လက်ဖြန့်‌ဝေကြတယ်။ မောင်သစ်ဟာ ပေါလုနှင့်ဗာနဗတို့ကို စံနမူနာထား ပြီး နှလုံးသွင်းကာ စူပါစာအုပ် က သူ့ကိုကျောင်းသို့ပြန်စေတဲ့အခါမှာ မောင်သစ်၊ ဝိုင်း နှင့် ဂဇ်မို တိုဟာ ကောင်လေးနှင့် သူ့ရဲ့ သမ္မာကျမ်းစာသင် ယူလေ့လာမှုအဖွဲ့အတွက် ရပ်တည်ပေးခဲ့ကြတယ်။ မောင်သစ်ဟာ သူ့ရဲ့ ဧဝံဂေလိတရားကိုဖေါ်ပြကြွေးကြော်ခြင်းခရီးအစကို ကယ်တင်ခြင်း တန်ခိုးအဖြစ် ဖြင့် သေးငယ်တဲ့ ပထမခြေလှမ်းအနေနဲ့ အစပြုတယ်။

သင်ခန်းစာ (၁) ဖြစ်နိုင်တဲ့တာဝန်။

အဓိကအချက် - ဘုရားသခင် ကျွန်ုပ်ကိုပေးမည့်တာဝန်တစ်ခုရှိသည်။

‌ရွှေကျမ်းချက် - ““မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။ တမန်တော် ၁:၈ (JBMLE )

သင်ခန်းစာ (၂) အခြားသူများကို အားပေးပါ။

အဓိကအချက် - အခြားသူများကို ကျွန်ုပ် ချစ်ပြီး အားပေးမယ်။

‌ရွှေကျမ်းချက် - “ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။” ဟေဗြဲ ၁၀:၂၄ (JBMLE )

သင်ခန်းစာ (၃) သတင်းကောင်းဝေမျှမယ်။

အဓိကအချက် - ကျွန်ုပ်သတင်းကောင်းကို ဝေမျှမည်။

Jesus in the Wilderness copy 1

မောင်သစ်သည် မိဘများတားမြစ်ထားသည့် ကြမ်းတမ်းသော ဗီဒီယိုဂိမ်းကို ကစားရန် သွေးဆောင်ခံရသည်။ ဘာကြောင့်မကစားရမှာလဲ၊ ဒါက ဂိမ်းတစ်ခုပဲမဟုတ်ဘူးလား။ စူပါစာအုပ်သည် မောင်သစ်၊ ဝိုင်းနှင့် ဂစ်ဇ်မိုကို ရှေးခေတ်အစ္စရေးသို့ ခေါ်ဆောင်သွားသော အမိုက်စားစွန့်စားမှုခရီးစဉ်အတွက်အဆင်သင့်ဖြစ်ပါပြီလား။ သခင်‌‌ယေရှုငယ်စဉ်က ဗိမာန်တော်မှာ သင်ကြားခဲ့ပုံနဲ့ သူအရွယ်‌ ရောက်တဲ့အခါ တောထဲမှာစာတန်ရဲ့သေွေးဆောင်ြခင်းကိုခုခံခဲ့ပုံကို သက်သေခံထားတယ်။ အခြေအနေတိုင်းအပေါ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘယ်လိုတန်ခိုးရှိတယ်ဆိုတာ ရှာဖွေပါ။

သင်ခန်းစာ(၁) - စုံစမ်းနှောင့်ယှက်မှုတိုင်းကို ယေရှု တွန်းလှန်ခဲ့သည်။

အဓိကအချက်- ယေရှုသည် မာရ်နတ်၏သွေးဆောင်မှုများကို တွန်းလှန်ခဲ့သည်။

ရွှေကျမ်းချက်- ငါတို့ယဇ်ပု‌ရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့်ကင်းလွှတ်တော်မူ၏။  ဟေဗြဲ ၄း၁၅ ( JBMLE )

သင်ခန်းစာ (၂)- ယေရှု ကျွန်ုပ်ကို ကူညီသည်။

အဓိကအချက်- သွေးဆောင်မှုကိုအနိုင်ယူရန်ယေရှု ကူညီပေးသည်

ရွှေကျမ်းချက်- ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်းခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ရှက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကို မစခြင်းငှါတတ်နိုင်တော်မူ၏။  ဟေဗြဲ ၂း၁၈( JBMLE )

သင်ခန်းစာ (၃) - ဘုရားသခင်နှင့်မှန်ကန်မည်။

အဓိကအချက်- ခရစ်တော်အားဖြင့် ကျွနု်ပ်တို့သည် ဖြောင့်မတ်ခြင်းသို့ ရောက်ကြသည်။

ရွှေကျမ်းချက်- အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့်ကင်းဆင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။  ၂ ကောရိန္သု ၅:၂၁ ( JBMLE )

Jeremiah copy 1

မောင်သစ်ကမြို့လယ်ကောင်မှာ ဂိမ်းကစားရင်း အမှိုက်ထဲပုံမှာနေထိုင်တဲ့ အိုးမဲ့အိမ်မဲ့ မိသားစုကို တွေ့တော့ အရမ်းအံ့အားသင့်သွားခဲ့တယ်။ သူဘာမှ မကူညီနိုင်ဘူးလား ဒါမှမဟုတ် သူကူညီနိုင်သလား။ စူပါစာအုပ်က မောင်သစ်၊ ဝိုင်းနဲ့ ဂစ်ဇ်မိုတို့ကို ပရောဖက် ယေရမိနှင့် တွေ့ဆုံဖို့ခေါ်သွားချိန်က ‌ယေရုရှလင်မြို့မှာ အန္တရာယ်ရှိတဲ့အချိန်ဖြစ်တယ်။ သခင်ဘုရားထံ ပြန်လှည့်ရန် လူတို့ကို ‌ယေရမိက အပြင်းအထန်သတိပေးပုံကို တွေ့ရမယ်။ သူတို့က ဘုရားသခင်ရဲ့သတင်းစကားကို နားထောင်မယ့်အစား ‌ယေရမိကို ဘယ်လို ရက်စက်စွာ အပြစ်ပေးတယ်ဆိုတာတွေ့ရပြီး မြို့လဲပျက်ဆီးခဲ့တယ်။

သင်ခန်းစာ (၁) - တည်ကြလော့

‌‌‌အဓိကအချက် ကျွန်ုပ်သည် ဘုရားသခင်ဘက်၌ ရပ်တည်မည်။

‌ရွှေကျမ်းချက် - သတိနှင့္ စောင့္ပါ။ ယုံကြည်ခြင်း၌တည်ကြည်ပါ။ သတ္တိရှိပါ။ ခွန်အားရှိပါ ။ ၁ ကောရိန္သု ၁၆:၁၃ (JBMLE)

သင်ခန်းစာ (၂)- သူ့လက်ထဲမှာ

‌‌‌အဓိကအချက် ဘုရားသခင်ကျွန်ပ်ကို ပြောင်းလဲပေးရန် ကျွနု်ပ်အလိုရှိသည်။

‌ရွှေကျမ်းချက် - အိုဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကိုငါမပြုနိုင်သလော။ အိုဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။ ယေရမိ ၁၈-၆(JBMLE)

သင်ခန်းစာ (၃) - ဘုရားသခင်ကို ချီးမွမ်းကြလော့။

‌‌‌အဓိကအချက် ကျွနု်ပ်ကိုကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းပါမည်။

‌ရွှေကျမ်းချက် - “အိုထာဝရဘုရား၊ အကျွနု်ပ်၏အနာကိုငြိမ်းစေတော်မူပါ။ သို့ပြုလျှင် အကျွနု်ပ်သည်အနာငြိမ်းပါလိမ့်မည်။ အကျွနု်ပ်ကိုကယ်တင်တော်မူပါ။ သို့ပြုလျှင် အကျွနု်ပ်သည် ကယ်တင်တော်မူခြင်းသို့ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွနု်ပ်ချီးမွမ်းရာဖြစ်တော်မူ၏။’’ ယေရမိ ၁၇-၁၄(JBMLE)

Teach Us to Pray copy 1

မောင်သစ်အဖိုးဆုံးသွားပြီးနောက်မှာ မောင်သစ်နဲ့သူ့အဘွားက မိသားစု ရဲ့ကျမ်းစာအုပ်အဟောင်းလေးကို ပြန်ရှာတွေ့ခဲ့ပါတယ်။ အဘွားက ငိုတဲ့အခါ မောင်သစ်က ဘာလုပ်ရမယ်မှန်းမသိတော့ စိတ်ညစ်သွားတယ်။ သူကဘာအကူအညီတွေပေးနိုင်မလဲ။ နှလုံးခုန်သံ မြန်စေမယ့် စွန့်စားခန်းကိုသွားရဖို့ မောင်သစ်၊ ဝိုင်းနဲ့ဂစ်ဇ်မိုတို့ကို စူပါစာအုပ်က ဓမ္မသစ်ကာလကိုခေါ်ဆောင်သွားတယ်။ သခင်ယေရှုက တောင်ထိပ်ပေါ်ရှိနေတဲ့အချိန်မှာ ဘုန်းအသရေကြီးမားတဲ့အသွင်အပြင်လက္ခဏာပြောင်းလဲသွားတဲ့အတွက် အံ့ဩခြင်းများစွာနဲ့ သက်သေခံဖို့ဖြစ်ပါတယ်။ ယုံကြည်ခြင်းနဲ့ဆုတောင်းပြီး နတ်ဆိုးတွေကို နှင်ထုတ်ဖို့တပည့်တော်တွေကို သူဘယ်လိုသင်ကြားပေးနေတယ်ဆိုတာကို ကြည့်ရအောင်။ ယနေ့အတွက်ဆုတောင်းခြင်းမှာ ပဌာနာတော်ဆုတောင်းချက်က ပြီးပြည့်စုံတဲ့ ညွှန်ကြားချက်တွေရှိနေသေးတယ်ဆိုတာကို ကလေးများသင်ယူစေပါ။ယခုသမ္မာကျမ်းစာသင်ကြားမှုအတွက် ဗီဒီယိုပြကွက်များမှာ အချို့သောကလေးများအတွက် နားလည်ရန်ခက်ခဲနိုင်သောကြောင့် ကြိုတင်လေ့လာနိုင်ရန် ကြိုကြည့်ရှုထားပါ ဇာတ်လမ်းအကျဥ်းချုပ်သည် အနဲငယ်သာဖြစ်သည်။

သင်ခန်းစာ (၁) ပြည့်စုံသောပုံစံ

အဓိကအချက် သခင်ယေရှုကဲ့သို့ကျွန်ုပ်ဆုတောင်းမည်။

ရွှေကျမ်းချက် “သင်တို့သည် ငါ့နာမကိုအမှီပြုလျက်ဆုတောင်းသမျှ အတိုင်းငါပြုမည်။အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။” ယောဟန် ၁၄း၁၃ (JBMLE)

သင်ခန်းစာ ၂ ယုံကြည်မှုတည်ဆောက်ခြင်း။

အဓိကအချက် ဆုတောင်းခြင်းသည် ယုံကြည်မှုကိုတည်ဆောက်ပေးသည်။

ရွှေကျမ်းချက် ကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင်တော်မူ၍ စိတ်ဝိညာဥ် ထဲသို့ခွန်အားကို သွင်းသဖြင့်၊ အကျွန်ုပ်ကိုခိုင်မာစေတော်မူ၏။ ဆာလံ ၁၃၈း၃(JBMLE)

သင်ခန်းစာ ၃- သခင်ယေရှုကျွန်ုပ်တို့ကိုစေလွှတ်သည်။

အဓိကအချက် သခင်ယေရှုသည် သူ၏နာမတော်နှင့် ကျွန်ုပ်တို့ကိုစေလွှတ်သည်။

ရွှေကျမ်းချက် “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းဌါ စပါးရှင်စေလွှတ်တော်မူမည် အကြောင်းဆုတောင်းကြလော့။။” လုကာ ၁၀:၂ခ ((JBMLE)

Elijah and the Widow copy 1

အလုပ်အရှုပ်ဆုံးအပိုင်းကို ဘယ်သူမှ မလုပ်နိုင်တဲ့အခါမှာတော့ ဝိုင်းသည် အစားအသောက်ဝေမျှသောအဖွဲ့ ၏ စီစဉ်သူတဦးအနေဖြင့် စတင်စိတ်ပျက်လာသည်။ ဝိုင်းသည် အလုပ်တွင်အရေးကြီးသော သူဖြစ်နေသည်။ စူပါစာအုပ်က ဝိုင်း၊မောင်သစ်နှစ်ဂစ်ဇ်မိုတို့ကို နူနာရောဂါခံစားနေရသည့် ရှုရိပြည်၏ ဂုဏ်သရေဆောင် ဗိုလ်ချုပ်မင်း နေမန်နှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားလေသည်။ နှိမ့်ချသော ဣသရေလကျွန်မငယ်လေးက ဗိုလ်ချုပ်မှူးကြီးအားဘယ်လို မျှော်လင့်ချက်ဖြစ်စေခဲ့ပုံနှင့် ဧလိရှဲ၏ ထူးခြားဆန်းကြယ်သော ညွှန်ကြားချက်ကို မျက်မြင်ကြုံခဲ့ရပုံကိုတွေကို ကြည့်ပါ။ နှိမ့်ချခြင်းသည်အရေးကြီးကြောင်းကလေးများသင်ယူစေပါ။။

သင်ခန်းစာ(၁) အကြွင်းမဲ့ယုံကြည်ြခင်း

အဓိကအချက် ဘုရားသခင်ကို ကျွန်ုပ်အကြွင်းမဲ့ယုံကြည်၍ နာခံလိုက်လျှောက်ပါမည်။

ရွှေကျမ်းချက် ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့၊ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်” သုတ္တံ ၃:၅

သင်ခန်းစာ(၂) အခြားသူများကိုမျှဝေပါ။

အဓိကအချက် ကျွန်ုပ်၌ရှိသည်ကို တခြားသူများအားဝေမျှမည်။

ရွှေကျမ်းချက် “သူတပါးအားပေးကြလော ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက် လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်။ ” လုကာ ၆း၃၈ ( JBMLE)

သင်ခန်းစာ ၃- ဘုရားသခင်ပေးသည်။

အဓိကအချက် ဘုရားသခင်သည် ကျွန်ုပ်လိုအပ်သမျှကို ဖြည့်ဆည်းပေးသည်။

ရွှေကျမ်းချက် “ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း သင်တို့အလိုရှိသမျှ တို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” ဖိလိပ္ပိ ၄:၁၉ (JBMLE)

Joshua and Caleb copy 1

မောင်သစ်သည် ဘောလုံးအသင်းတွင် ကစားခြင်းကိုမစတင်မီ အနားယူလျက်ရှိသည်။ အသင်း၀င်အချို့သည် အနိုင်ရရှိရန် မသမာသောနည်းလမ်းများဖြင့် လုပ်ဆောင်မှုများရှိ‌နေ‌ကြောင်း သူသိရှိသွားပြီး ကစားပွဲတွင်ပါ၀င်ရန် စိတ်တက်ကြွမှုများ အားတက်မှုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ပိုဆိုးသည်မှာ သူတို့က မောင်သစ်အား သူတို့နှင့်ပူးပေါင်းပြီး ကူညီစေချင်နေခြင်းပင်ဖြစ်ပါတယ်။ မောင်သစ်အတွက်တော့ စိတ်ပျက်စရာကောင်းသောအနေအထားမှာ ရှိနေတယ် ဣသရေလလူမျိုးအား ကတိပြုထားသည့် ခါနာန်ပြည်ကို ရှာဖွေရန် ကာလက်၊ ယောရှုနှင့် အခြားသူလျှို ဆယ်ယောက်အားမောရှေကစေလွှတ်ခဲ့သည့်နေရာသို့့ကလေးများ ရောက်ရှိသွားရန် စူပါစာအုပ်က ရုတ်တရက်သယ်ဆောင်သွားတယ်။

သင်ခန်းစာ(၁) - ယုံကြည်ခြင်းဖြင့် အသက်ရှင်ပါ။

အဓိကအချက် ကျွနု်ပ်သည် မျက်မြင်ရသောအရာအားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်အသက်ရှင်မည်

ရွှေကျမ်းချက် “ထာ၀ရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟုပြောဆိုကြလေသော် တောလည်ရာ ၁၄:၉(ခ) JBMLE

သင်ခန်းစာ (၂)- တိုက်ပွဲသည် သခင်ဘုရား၏အမှုဖြစ်သည်။

အဓိကအချက် တိုက်ပွဲကိုဘုရားသခင်ကပိုင်သည်။

ရွှေကျမ်းချက် “ငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့် ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏။” (ရောမ ၈း၃၇)။ JBMLE

သင်ခန်းစာ (၃) - ဘုရားသခင်သည် သူ၏ကတိတော်များကို စောင့်ရှောက်တော်မူ၏။

အဓိကအချက် ဘုရားသခင်သည် သူ၏ကတိတော်များကိုသစ္စာရှိစွာ စောင့်ရှောက်တော်မူ၏။

ရွှေကျမ်းချက် “သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အဘို့မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမယုတ်မလျှော့။ အကုန်အစင် ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။ " ယောရှုမှတ်စာ ၂၃: ၁၄ (ခ) (JBMLE)

Jesus Heals the Blind copy 1

မောင်သစ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ခရစ္စမတ်ပြိုင်ပွဲတစ်ခုကိုသွားတဲ့အခါ သူအရင်က ရှင်းရှင်းလင်းလင်းမမြင်ရသေးတဲ့ယေရှုနဲ့ ပတ်သက်တဲ့ ထူးခြားမှုရှိလားလို့စတင်တွေးမိလာတယ်။ စူပါစာအုပ်က မျက်စိမမြင်သူများကို ရုပ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးအရ ယေရှုကုသပေးတဲ့ကွဲပြားသောနည်းလမ်းတွေကို ကြည့်ရှုဖို့ မောင်သစ်၊ ဝိုင်းနဲ့ ဂစ်ဇ်မိုတိုကို ခေါ်ဆောင်သွားတယ်။ ယုံကြည်ခြင်းမျက်စိရှိသောသူတို့အား ကိုယ်တော်က သူ့ရဲ့ ပုံတော်ကို ဘယ်လိုဖော်ပြကြောင်း သက်သေခံပါ။ ကမ္ဘာပေါ်ရှိလူတိုင်းဆီသို့ ဘုရားသခင်ပေးပို့သော အကောင်းဆုံးလက်ဆောင်ကို ကလေးများ ရှာဖွေတွေ့ရှိခဲ့ကြသည်။

သင်ခန်းစာ (၁) ကျွန်ုပ်၏မျက်လုံးကိုဖွင့်ပေးပါ။

အဓိကအချက် - သန့်ရှင်းသောဝိညာဉ်တော်က သမ္မာတရားအတွက် ကျွန်ုပ်ရဲ့မျက်လုံးများကို ဖွင့်ပေးသည်။

ရွှေကျမ်းချက် - “ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။” ယောဟန် ၁၅:၂၆ (JBMLE)

သင်ခန်းစာ (၂) သခင့်နောက်တော်လိုက်ရန် ရွေးချယ်ပါ။

အဓိကအချက် - “ယေရှုနောက်ကို လိုက်မယ်။”

ရွှေကျမ်းချက် - “ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊” ဧဖက် ၁:၁၈ (JBMLE)

သင်ခန်းစာ (၃) လောက၏အလင်း

အဓိကအချက် - ယေရှုသည်လောက၏အလင်းဖြစ်သည်။

ရွှေကျမ်းချက် - “ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။” ယောဟန် ၁:၄-၅ (JBMLE)

Peter’s Escape copy 1

ဝိုင်းရဲ့ ကျောင်းကလုပ်ရတဲ့ ပထဝီဆိုင်ရာစီမံကိန်းတခုကြောင့် မောင်သစ်နဲ့ ဂစ်ဇ်မိုတို့က ကမ္ဘာပတ်ပြီး Holo-9 ထိ‌ရောက်မှုရှိစေတဲ့ ခရီးစဉ်ကို ပို့ပေးခြင်းဖြင့် ကူညီပေးကြတယ်။ ဝိုင်းက ဆင်းရဲနွမ်းပါးတာတွေ၊ ခက်ခဲ တာတွေစတဲ့ မြင်ကွင်းကို သူမြင်ရတဲ့အခါ လူတွေရဲ့အခြေအနေက သူကိုစိတ်ပင်ပန်းစေပြီး ဒါကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို တွေးတောနေတယ်။ စူပါစာအုပ်က ဝိုင်း၊ မောင်သစ်နှင့် ဂစ်ဇ်မိုတို့ကို ပေတရု၊ ရောဒါ၊ မာရိနှင့် ယေရှု၏ အခြားနောက်လိုက်များနဲ့ တွေ့ဆုံဖို့ ခေါ်ဆောင်သွားပါသည်။ ဆုတောင်းခြင်း၏တန်ခိုးက အံ့ဩစရာပြောင်းလဲမှုတွေကို ဘယ်လိုဖြစ်ပေါ်စေနိုင်တဲ့ကြောင်း ကလေးများက သင်ယူကြသည်။

သင်ခန်းစာ (၁) ဆက်လက်တောင်းလျှောက်ပါ။

အဓိကအချက် - ဆုတောင်ခြင်းကရလဒ်တွေကိုပေးတယ်။

‌ရွှေကျမ်းချက် - ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။ တမန်တော် ၁၂:၅ ( JBMLE)

သင်ခန်းစာ (၂) အခမဲ့ပေးတယ်။

အဓိကအချက် - လက်ခံရရှိတဲ့အရာတွေကို စိတ်ရင်းနဲ့ ပေးလိုက်မယ်။

‌ရွှေကျမ်းချက် - ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့။” တမန်တော် 3:6 (JBMLE)

သင်ခန်းစာ (၃) ခရစ်တော် အောင်နိုင်ခဲ့ပြီ။

အဓိကအချက် - ယေရှု ဒီလောကကို အောင်နိုင်ခဲ့ပြီ။

‌ရွှေကျမ်းချက် - “မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါသည်းခံကြလော့။ ဆုတောင်းပဌနာပြုခြင်းအမှုကိုအမြဲပြုကြလော့” ရောမ ၁၂:၁၂ (JBMLE)

Solomon's Temple

မောင်သစ်က သူ့အဖွဲ့မှသူ့ကို မရွေးချယ်တဲ့အချိန်ထိ သူဒီဇိုင်းထုတ်ထားတဲ့ ဒေါသကြီးတဲ့ စက်ရုပ်ကချန်ပီယံဆုမှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကျေနပ်ပီတိဖြစ်နေပါတယ်။ စူပါစာအုပ်ဇာတ်လမ်းက မောင်သစ်၊ ဝိုင်းနဲ့ဂစ်ဇ်မိုတို့ကို ရှေးဟောင်းယေရုရှလင်မြို့ကိုခေါ်ဆောင်သွားတယ်။ အဲဒီမှာ ခမ်းနားထည်ဝါတဲ့ ဗိမာန်တော်ဆောက်ဖို့ စီစဉ်ပေမယ့် ဘုရားသခင်က ရပ်ခိုင်းလိုက်တဲ့ ဒါဝိဒ်ဘုရင်နဲ့ တွေ့ခဲ့ကြတယ်။ အဲဒီအစား၊ ဒါဝိဒ်က သားတော်ရှောလမုန်ကိုကြီးကျယ်ခမ်းနားတဲ့တာဝန်ကို ထမ်းဆောင်ဖို့ လွှဲအပ်ပေးတယ်။ ဘုရားသခင်လုပ်ဆောင်တဲ့ ဒီဇိုင်းမှာ ပါဝင်တဲ့ အရာအားလုံးက အကောင်းဆုံး အရာတွေဖြစ်ကြောင်း ကလေးတွေ ရှာဖွေတွေ့ရှိသွားတယ်။

သင်ခန်းစာ (၁) ဘုရား၏နည်းလမ်းများ

‌‌‌အဓိကအချက် ဘု​ရား​သ​ခင်​ရဲ့လမ်းတွေက တို့တွေရဲ့ လမ်းတွေထက် ကောင်းမြတ်တယ်။

‌ရွှေကျမ်းချက် - “မိုဃ်းကောင်းကင်သည် မြေကြီးထက် သာ၍မြင့်သကဲ့သို့၊ငါ၏အကျင့်သည်လည်းသင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည်သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။” ဟေရှာယ ၅၅:၉ (JBMLE)

သင်ခန်းစာ (၂) သင်လုပ်ဆောင်ရမည့်အရာကို လုပ်ပါ။

‌‌‌အဓိကအချက် ဘုရားသခင်ရဲ့အကြံအစည်ထဲမှာ တို့တွေ ပါဝင်ဆောင်ရွက်မယ်။

‌ရွှေကျမ်းချက် - သို့သော်လည်း စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူသည်တလုံးတ၀တည်းဖြစ်၍၊ အသီးသီးမိမိလုပ်သည့်အတိုင်းမိမိအကျိုးကိုခံရလိမ့်မည် ၁ ကောရိန္သု ၃:၈ (JBMLE)

သင်ခန်းစာ (၃) တို့တွေက ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။

‌‌‌အဓိကအချက် တို့တွေက ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။

‌ရွှေကျမ်းချက် - “သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၄င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၄င်း၊ မသိကြသလော” ၁ ကောရိန္သု ၃:၁၆ (JBMLE)

Delete -- Solomon's Temple copy 2

Chris is thrilled that the rampaging robot he designed will compete in the championship—until his own team chooses not to take him! Superbook takes Chris, Joy and Gizmo to ancient Jerusalem. There they meet King David, who plans to build a magnificent Temple but is stopped by God. Instead, David equips his son Solomon to take over the tremendous task. The children discover that being part of God’s design is the best plan of all!

LESSON 1: GOD’S WAYS

SuperTruth: God’s ways are above our ways.

SuperVerse: “Just as the heavens are higher than the earth, My thoughts and My ways are higher than yours.” Isaiah 55:9 (CEV)

LESSON 2: DO YOUR PART

SuperTruth: I will do my part in God’s plan.

SuperVerse: “The one who plants and the one who waters work together with the same purpose. And both will be rewarded for their own hard work.” 1 Corinthians 3:8 (NLT)

LESSON 3: I’M GOD’S TEMPLE!

SuperTruth: We are God’s temple.

SuperVerse: “All of you surely know that you are God’s temple and that His Spirit lives in you.” 1 Corinthians 3:16 (CEV)

Paul and Silas copy 2

ဝိုင်းက သူ့အာသီးတွေကို ခွဲထုတ်ရမယ့် ဆေးရုံကနေ လွတ်မြောက်ချင်နေတယ်။ ခွဲစိတ်မှုကို ရင်ဆိုင်ရဲဖို့ သူမက မိမိကိုယ်မိမိ ယုံကြည်မှုကို ဘယ်လို တည်ဆောက်နိုင်မလဲ။ စူပါစာအုပ် က မောင်သစ်၊ ဝိုင်း နှင့် ဂစ်ဇ်မို တို့ကို ပေါလုနှင့်သိလ ‌ဗေဒင်ဆရာမထံမှ နတ်ဆိုးကိုအမိန့်ပေးနှင်ထုတ်သောသူနှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားပါသည်။ ပေါလုနှင့် သိလတို့သည် ဘုရားသခင်ကို နာခံခြင်းကြောင့် ရိုက်နှက်ခံရပြီး ထောင်ချခံရသည့်အခါ အံ့ဩစရာကောင်းတဲ့တုံ့ပြန်ပုံနည်းလမ်းကို မြင်တွေ့ရမှာဖြစ်တယ်။ ငလျင်ကြောင့် သူတို့ကို လွတ်မြောက်စေပြီး ထောင်မှူးကိုလည်း ကယ်တင်လိုက်တဲ့ အံ့ဖွယ်အမှုတစ်ခုဟာ သက်သေဖြစ်ခဲ့တယ်။ ကလေးများသည် အခြေအနေတိုင်းတွင် ဝမ်းမြောက်တတ်တဲ့ လျှို့ဝှက်ချက်ကို သင်ယူကြရမည်။ အချို့သောပုံရိပ်များသည် ကလေးများအတွက် အလွန်ပြင်းထန်နိုင်သောကြောင့် ဤသင်ခန်းစာအတွက် သမ္မာကျမ်းစာဇာတ်လမ်းဗီဒီယိုကို ကြိုတင်ကြည့်ရှုထားပါ။ အကျဉ်းချုပ်မှာတော့ ပြင်းထန်မှုနည်းမည်။ သမ္မာကျမ်းစာနောက်ခံဇာတ်ကြောင်းနှင့် နိမိတ်ပြလမ်းညွှန်ဗီဒီယိုများကိုလည်း ကြိုတင်ကြည့်ရှုပါ။

သင်ခန်းစာ(၁) - ခရစ်တော်၌ လွတ်မြောက်ခြင်း။

အဓိကအချက် - ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား လမ်းပြပြီး ခွန်အားပေးသည်။

ရွှေကျမ်းချက် - သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ ဂလာတိ ၅:၂၅ (JBMLE)

သင်ခန်းစာ (၂) ကျေနပ်ဝမ်းမြောက်စရာများ

အဓိကအချက် - ကျွန်ုပ်သည် ‌ရောင့်ရဲကျေနပ်ပြီး ချီးမွမ်းမည်။

ရွှေကျမ်းချက် - အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။ ၁ သက် ၅:၁၈ (JBMLE)

သင်ခန်းစာ (၃) ယုံကြည်လိုက်ပါ

အဓိကအချက် - သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရမည်။

ရွှေကျမ်းချက် - ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊ တမန်တော် ၁၆:၃၁ (JBMLE)

Peter and Cornelius copy 1

မောင်သစ်သည် ကျောင်းနောက်တစ်ကြိမ်နောက်ကျပါက ပြစ်ဒဏ်ပေးခံရမယ်လို့ဆိုပေမယ့် အတန်းခေါင်းဆောင်က သူအချိန်မီ‌ရောက်မလာတဲ့အတွက် အလျင်အမြန် တိုင်ကြားလိုက်သည်။ ကောင်လေးနှစ်ယောက်က ဘယ်တော့မှ သူငယ်ချင်းမဖြစ်နိုင်ဘူး—ဒါမှမဟုတ် ဖြစ်နိုင်မလား။ စူပါစာအုပ်သည်မောင်သစ်၊ ဝိုင်း နှင့် ဂစ်ဇ်မိုတို့အား အတန်းခေါင်းဆောင်နှင့်အတူ—တစ် ရာစု အစ္စရေးနိုင်ငံသို့ ခေါ်ဆောင်သွားပါသည်။ ရောမစစ်တပ်အရာရှိတစ်ဦးဖြစ်သော တပ်မှူးကော်နေလိ နှင့်တမန်တော်ပေတရုတို့ တွေ့ဆုံကြပြီး၊ ၎င်းတို့နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး အ‌တွေးအခေါ်မတူညီဘဲ သခင်ဘုရားထံမှ အံ့သြဖွယ်ကောင်းသော ရူပါရုံများအထိ အလွန်ကွဲပြားသော လူနှစ်ယောက်နှင့် တွေ့ဆုံကြသည်။ ဘုရားသခင်သည် မျက်နှာသာပေးခြင်းမရှိဘဲ လူတိုင်းအတွက် ကယ်တင်ခြင်းပေးသည်ကို ကလေးများ သင်ယူရမည်။

သင်ခန်းစာ (၁) မျက်နှာသာပေးခြင်းမရှိသော

အဓိကအချက် - ဘုရားသခင်သည် မျက်နှာသာပေးသောဘုရားမဟုတ်ပါ

ရွှေကျမ်းချက် - ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမ မရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။ ဂလာတိ ၃:၂၈ (JBMLE)

သင်ခန်းစာ (၂) အပြစ်မှ သန့်ရှင်းစေခြင်း

အဓိကအချက် - ‌ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ရှိသမျှကို သန့်ရှင်းစေတော်မူ၏။

ရွှေကျမ်းချက် - “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ၁ ယော ၁:၉ (JBMLE)

သင်ခန်းစာ (၃) လူတိုင်းအတွက် ကယ်တင်ခြင်း

အဓိကအချက် - ကယ်တင်ခြင်းသည် လူတိုင်းအတွက်ဖြစ်သည်။

ရွှေကျမ်းချက် - “နှုတ်ကပတ်တရားတော်ကို ကြားနာရသောသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်‌ရောက်တော်မူ၏။” တမန်တော် ၁၀:၄၄ခ (JBMLE )

Jesus Feeds the Hungry copy 5

စပျစ်ရည်ကုန်သောအခါ မင်္ဂလာပွဲပျက်လုနီးပါးဖြစ်သော်လည်း ယေရှုသည် ရေကို စပျစ်ရည်အဖြစ်သို့ အံ့ဩဖွယ်နည်းဖြင့် ပြောင်းလဲခဲ့သည်။ ယေရှုက ပွဲတစ်ခုမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အား ပွားများစေပြီး လူငါးထောင်ကို ကျွေးမွေးသည့်နေရာသို့ ကလေးများမြင်စေရန် စူပါစာအုပ်က ခေါ်ဆောင်သွားသည်။

သင်ခန်းစာ (၁) သူစေခိုင်းသမျှကို လုပ်ဆောင်ပါ။

အဓိကအချက် - ကျွန်ုပ်သည် သခင်ယေရှုကို ယုံကြည်ပြီး သူစေခိုင်းသောအရာကို လုပ်ဆောင်မည်။

ရွှေကျမ်းချက် - မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။ ရှင်ယောဟန်ခရစ်ဝင် ၂:၅ (JBMLE)

သင်ခန်းစာ (၂) တိုးပွားလာခြင်း

အဓိကအချက် - ယေရှုသည် ကျွန်ုပ်ပေးသောအရာကို ကောင်းကြီးပေးတော်မူ၏။

ရွှေကျမ်းချက် - မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာအာဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အားမျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။ ကောရိန္တုဩဝါဒစာဒုတိယစောင် ၉:၁၀ (JBMLE)

သင်ခန်းစာ (၃) သခင်၏ကောင်းမွန်သောအစီအစဉ်

အဓိကအချက် - ဘုရားသခင်၌ အစဉ်ကောင်းသောအကြံအစည်ရှိသည်။

ရွှေကျမ်းချက် - ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၃ (JBMLE)